စင်ကာပူနိုင်ငံ ဆောက်လုပ်ရေးလုပ်ငန်းခွင်က မြန်မာများအတွက် သတင်းကောင်း

Home / Blog / စင်ကာပူနိုင်ငံ ဆောက်လုပ်ရေးလုပ်ငန်းခွင်က မြန်မာများအတွက် သတင်းကောင်း

စင်ကာပူရဲ့ BCA အဆောက်အအုံ ဆောက်လုပ်ရေး အာဏာပိုင်မှ နိုင်ငံအတွင်း ဆောက်လုပ်ရေးလုပ်ငန်းများ ပြန်ပြီးအားကောင်းလာမယ်ဆိုတဲ့ ခန့်မှန်းချက်ကို သတင်းမှာ ဖတ်လိုက်ရပါတယ်။ လွန်ခဲ့တဲ့နှစ်တွေမှာ ကမ္ဘာရေနံဈေးကွက် ကျဆင်းမှုဂယက်ကြောင့် အခြားလုပ်ငန်းတွေပါ စီးပွားရေးကျဆင်းခဲ့ရတဲ့အနေအထားမှာ စင်ကာပူနိုင်ငံအတွင်း အလုပ်အကိုင်ရှာဖွေရာမှာ လူအများအတွက် အခက်ကြုံနေရဆဲပါ။ စီးပွားရေးတိုးတက်မှုပေါ်မူတည်နေတဲ့ အလုပ်အကိုင်ဈေးကွက်သဘောသဘာဝအရ နိုင်ငံခြားသား အလုပ်အကိုင်ရှာဖွေသူတွေအတွက်လည်း စင်ကာပူမှာ အလုပ်အကိုင်အခွင့်အလမ်းများ အရင်အချိန်ကလို မကောင်းခဲ့တာလည်း ကြာခဲ့ပြီလို့ ဆိုနိုင်ပါတယ်။

သို့ပေမယ့် အစိုးရကြေညာချက်အရတော့ အခုနှစ် ၂၀၁၈ ကာလအတွင်း စင်ကာပူ ဆောင်လုပ်ရေး လုပ်ငန်းများနဲ့သက်ဆိုင်တဲ့ ဂဏ္ဍတွေမှာ အစိုးရကြီးကြပ်တဲ့ ပြည်သူပိုင်ဆောင်လုပ်ရေးစီမံကိန်းများအတွက် တန်ဖိုးငွေ ဒေါ်လာ ၁၆ ဘီလီလျံမှ ၁၉ ဘီလီလျံအထိ ရာထားပြီး ပုဂ္ဂလိက ဆောက်လုပ်ရေး စီမံကိန်းများမှာတော့ တန်ဖိုးငွေ ဒေါ်လာ ၁၀ ဘီလီလျံမှ ၁၂ ဘီလီလျံအထိ သုံးစွဲမယ်လို့ ခန့်မှန်းထားပါတယ်။

အစိုရးရဲ့ ပြည်သူပိုင်အဆောက်အုံဆောက်လုပ်ရေးလုပ်ငန်းများမှာ လိုအပ်ချက်အရ အခုလို စီမံကိန်းတိုးချဲ့ရတယ်လို့လည်း ဆိုပါတယ်။

လက်ရှိအချိန်မှာ BCA ကနေ ထုတ်ပြန်ကြေညာချက်အရ တစ်နိုင်ငံလုံးအတိုင်းအတာအနေနဲ့ ဆောက်လုပ်ရေးလုပ်ငန်းများအတွက် စုစုပေါင်းသုံးစွဲငွေ ဒေါ်လာ ၂၆ ဘီလီလျံကနေ ၃၁ ဘီလီလျံအထိ စီမံကိန်းတန်ဖိုးကို ပေးအပ်မှာဖြစ်ကြောင်းနဲ့ ယ္ခင်နှစ် သုံးစွဲမှုငွေပမာဏ ၂၄ ဘီလီလျံထက် သာလွန်မယ်လို့ သိရပါတယ်။
ကမ္ဘာ့စီးပွားရေးဆုတ်ယုတ်နေတဲ့ကာလမှာ နိုင်ငံရပ်ခြား အလုပ်အကိုင်အခွင့်အလမ်းများကို စွန့်စားရှာဖွေနေတဲ့ မြန်မာအင်ဂျင်နီယာများ အထူးသဖြင့် ဆောက်လုပ်ရေးလုပ်ငန်းတွေကို အားပြုလုပ်ကိုင်နေတဲ့ စင်ကာပူက မြန်မာအတတ်ပညာရှင်များနဲ့ ကာယလုပ်သားများအတွက်တော့ အခြေအနေကောင်းတစ်ခု ဖြစ်လာနိုင်ဖွယ်ရှိတယ်လို့ ခန့်မှန်းရပါတယ်။

ဒါကြောင့် အခုနှစ်ကာလမှာ အလုပ်အကိုင်အသစ်များ ၂၀၁၇ ထက်ပိုပြီး အခြေအနေဖန်ထီးလာဖွယ်ရာ ရှိနိုင်တာမို့ မြန်မာအင်ဂျင်နီယာများ၊ အတတ်ပညာရှင်များနဲ့ လုပ်သားများ မိမိတို့ တတ်ကျွမ်းရာ ပညာရပ်များနဲ့ အခွင့်လမ်းသစ်များ ရယူနိုင်ရန် ပြင်ဆင်ထားသင့်ကြောင်း သတင်းကောင်းပါးလိုက်ပါတယ်။

Reference: The Straitstimes (12;01/2018) | Manpower | BCA forecasts pickup in construction sector ၊ TinMin fb account