ကိုယ့်ခြံထဲမှာ ပန်းခြံအသေးစားလေးတွေ ဖန်တီးမယ်

Home / Blog / ကိုယ့်ခြံထဲမှာ ပန်းခြံအသေးစားလေးတွေ ဖန်တီးမယ်

မြို့ပြလူဦးရေထူထပ်လာတာနဲ့အညီမြေနေရာရှားပါးတဲ့အတွက် တိုက်ခန်းနေသူတွေအတွက် အသေးစား ဥယျာဉ်လေးတွေ စိုက်ခင်းလေးတွေ ပြုလုပ်လို့ရတဲ့ Idea လေးတွေကိုဖော်ပြပေးလိုပါတယ်

ဝရန်တာမှာ ပဲဖြစ်ဖြစ် တိုက်ရဲ့ခေါင်မိုးနေရာ ဒါမှမဟုတ် မီးဖိုးချောင်ရဲ့ဒေါင့်လေးတွေမှာ ပန်းပင်လေးတွေသာမက မီးဖိုချောင်သုံးဟင်းခတ်အပင်လေးတွေ ဆေးဖက်ဝင်အပင်လေးတွေကိုလည်း စိုက်ပျိုးလို့ရတဲ့အတွက် ကျန်းမာရေးနဲ့ညီညွတ်တဲ့ အောဂဲနစ်စစ်စစ်ကိုရတဲ့အပြင် အသုံးစရိတ်လဲချွေတာနိုင်မှာပါ။ နောက်တစ်ချက်က သစ်ပင်တွေဆီက အောက်ဆီဂျင်လည်းရရှိတဲ့အတွက် လေကောင်းလေသန့်ရရှိပြီး ပျော်ရွှင်ကျန်းမာတဲ့ဘဝလေးတွေကို ပိုင်ဆိုင်နိုင်မှာပါ။

မိတ်ဆွေတို့လေ့လာပြီး ပန်းခြံအသေးလေးတွေ ဖန်တီးနိုင်အောင် ပုံစံအချို့ကိုလည်း ဖော်ပြခဲ့ပါမယ်…