သင့်ရဲ့အိမ်အတွင်းပိုင်းကိုတောက်ပလာစေမဲ့အသေးစားပြင်ဆင်ချက်များ

Home / Blog / သင့်ရဲ့အိမ်အတွင်းပိုင်းကိုတောက်ပလာစေမဲ့အသေးစားပြင်ဆင်ချက်များ

သင်ရဲ့အိမ်အတွင်းပိုင်းကိုကုန်ကျစရိတ်နည်းနည်းနဲ့အလွယ်တကူပြင်ဆင်လို့ရနိုင်မဲ့နည်းလမ်းလေးတွေကိုဖော်ပြပေးလိုပါတယ်…

သင့်အိမ်မှာရှိတဲ့သေးငယ်တဲ့အခန်းနံရံကို အရောင်ဖျော့ပြီး Soft ဖြစ်တဲ့အရောင်သုံးပေးခြင်းဟာ အခန်းကိုပိုမိုကျယ်ဝန်းသယောင်ဖြစ်စေပါတယ်။

မှန်ကိုအသုံးပြုပြီးအလှဆင်ခြင်းကလဲ အခန်းကိုပိုမိုကျယ်ဝန်းသယောင်ဖြစ်စေတဲ့အပြင် မှန်မှပြန်တဲ့အလင်းကြောင့်အခန်းအလင်းရောင်ကိုလဲပိုမိုရရှိစေပါတယ်။ သင့်ရဲ့အခန်းနံ ရံတွေပြောင်ရှင်းကြီးဖြစ်နေတာကိုလဲ မှန်ချပ်တွေနဲ့အလှဆင်ပြီးသားဖြစ်စေတဲ့အတွက် နည်းလမ်းကောင်းတစ်ခုပဲဖြစ်ပါတယ်။ အစိမ်းရောင်အပင်တွေကို ဧည့်ခန်း ဒါမှမဟုတ် ရေချိုးခန်းစတဲ့နေရာတွေမှာ ပန်းအိုးလှ လှလေးတွေနဲ့အလှဆင်ခြင်းဟာလည်း ကုန်ကျစရိတ်သက်သာတဲ့အပြင် မြင်ရတာ

အမြင်အေးစေပါတယ်။ မကောင်းတဲ့အနံ့တွေကိုစုပ်ယူပြီးလထုကိုလည်းသန့်ရှင်းစေတဲ့အတွက် အနံ့အသက်မကောင်းတာတွေလဲသက်သာစေပါတယ်။ မီးဖိုချောင်နံရံမှာ နံရံကပ်စင်လေးတွေအသုံးပြုခြင်းဟာလဲ အိမ်ကိုရှင်းလင်းစေတဲ့ အပြင်နေရာ စားသက်သာကာ အမြင်ဆန်းစေမှာပါ။

Ref – freshome