ကမ္ဘာ့အတော်ဆုံးဗိသုကာပညာရှင်တွေဆောက်လုပ်ထားတဲ့ ကစားကွင်းများ

Home / Blog / ကမ္ဘာ့အတော်ဆုံးဗိသုကာပညာရှင်တွေဆောက်လုပ်ထားတဲ့ ကစားကွင်းများ

ဒီတစ်ခေါက်ဖော်ပြပေးသွားမှာကတော့ ကမ္ဘာ့အတော်ဆုံးဗိသုကာပညာရှင်ကြီးတွေဆောက်လုပ်ထားတဲ့ ကစားကွင်းတွေကိုဖော်ပြပေးသွားမှာပဲဖြစ်ပါတယ်…

Wibit Sport Gmbh

ဒီကစားကွင်းကတော့ ခရိုအေးရှားမှာရှိတဲ့ ရေပေါ်ကစားကွင်းဖြစ်ပြီး ဗိသုကာပညာရှင် Robert Cirjak ရဲ့လက်ရာပဲဖြစ်ပါတယ်။

Woods of Net Hakone Japan

ဒီဂျပန်မှာရှိတဲ့ သက်တန့်ရောင်စုံပုံစံအလှဆင်ထားတဲ့ အသိုက်ပုံစံကလေးကစားကွင်းဟာ ဂျပန်ဗိသုကာပညာရှင် Toshiko Horiuchi Macadam ကတည်ဆောက်ထားတာပါ။

Silver Tower Playground in New York City

ဒီလျောစီးတဲ့ ကလေးကစားကွင်းလေးကို Brooklyn ပညာရှင်  Tom Otterness ကတည်ဆောက်ထားတာပါ။

Parque Gulliver, Valencia, Spain

စပိန်မှာရှိတဲ့ဒီကစားကွင်းကတော့ လူတိုင်းသိတဲ့ Gulliver’s Travels ပုံပြင်ကို Inspire ယူပြီးတည်ဆောက်ထားတာပါ။

Basketball Court, 9th Arrondissement, Paris

ပြင်သစ်နိုင်ငံ ပဲရစ်မြို့မှာတည်ဆောက်ထားတဲ့ ဒီ Basketball ကစားကွင်းကိုတော့ Nike က Sponsor ပေးထားပြီး ဒီဇိုင်းပိုင်းကိုတော့ Ill Studio နဲ့ Pigalleကနေတည်ဆောက်ထားတာပါ။

Tower Playground, Copenhagen, Denmark

အဆောက်အအုံ Tower နှစ်ခုကိုဆက်ထားတဲ့ပုံစံနဲ့တည်ဆောက်ထားတဲ့ဒီကစားကွင်းကတော့ ဒိန်းမတ်နိုင်ငံမှာတည်ရှိပါတယ်။

Ref – dailydesignanews